တောကျီးကန်းတစ်ကောင်
ကွန်ပျူတာပျက်နေတာကတစ်ကြောင်း၊ ထွေလီကာလီ ကိစ္စလေးတွေက များတာကတစ်ကြောင်း စာမရေးနိုင်တာ
အတော်ကြာသွားပါပြီ။ ညီအစ်ကို မောင်နှမတွေ စုစည်းပြီး လုပ်ကြတဲ့ အလှူးလေးတစ်ခု အကောင်အထည်ဖော်
ဖြစ်မြောက် သွားတယ်ဆိုတော့လဲ ဘာပဲပြောပြော ပျော်တာပေါ့ဗျာ။ မရမ်းချောင်းဂေဟာက လူနာတွေလည်း
ပျော်ကြတယ်။ လူတောမတိုးတဲ့ သူတို့ကို အခုလို တရားရေအေးတိုက်ကျွေးပြီး လှူတယ် တန်းတယ်
ဆိုတော့ အချို့ဆို မျက်ရည်တောင် လည်ပါတယ်။ တစ်ချို့လှူကြတယ်ဆိုတာ ငွေသားလေးပေးပြီး
ဂုဏ်ပြုလွှာလေးယူ ပြီးရင်ပြန်။ ဒါမျိုးကများတာကို။ အခုလို လူတွေအများကြီး စေတနာအပြည့်နဲ့
လာလှူကြတာမျိုးက ရှားတာကိုး။
နောက်ပြီးလူငယ်တွေအများစုပါတဲ့
အလှူလေးကို ဒီလောက်ထိ စည်စည်ကားကား ဖြစ်သွား မယ်လို့တော့ မမျှော်လင့်ထားတာ အမှန်ပါ။
ဘလောက်စတင်တဲ့ တစ်ပါတ်လောက်က အွန်လိုင်းကနေ စိတ်ဝင်စားတဲ့သူလည်း နည်းတယ်လေ။ အဲဒီတော့
ပါတ်သက်ရာပါတ်သက်ကြောင်း သူငယ်ချင်းတွေကိုဘဲ နှိုးဆော်ရတာပေါ့။ သူတို့ထည့်တာလေနဲ့ ရှိတာနဲ့လုပ်မယ်ဆိုပြီးတော့
ကြဲလိုက်တာ နောက်ဆုံးအပါတ်မှာ အလှူရှင်အများဆုံးရှာပေးနိုင်တာ ဝါဝါ နဲ့ ဒေါက်တာခန့်ကြီးပါပဲ။
သူတို့ရဲ့ အားတက်သရော် ကြိုးပမ်းမှု တွေကြောင့် အလှူက ဒီလောက်ထိ စည်ကားသွားတာပါ။ နောက်ပြီး
ှ့ဗ နှဲ့ငညါစေသမန က သူငယ်ချင်းတွေကလည်း အားတက်သရော်ထည့်ကြလို့ ပိုကောင်းသွားတာပါ။
အလှူနေ့မှာ
ဂေဟာမှူး ကိုလှဌေးက ဂေဟာသမိုင်းကြောင်းပြောပြတော့ စိတ်မကောင်းစရာလေး တစ်ခုကို သတိထားမိတယ်။
စားစရာမရှိလို့ သရဏဂုဏ် အပျက်ခံပြီး နှစ်ချင်းခံတယ်ဆိုတဲ့ စကားလေးပါ။ ဗုဒ္ဓဘာသာတစ်ယောက်ရဲ့
ရင်ဘတ်ကိုထိတယ်ဆိုနိုင်တဲ့စကားပေါ့။ အဓိကကတော့ ခရစ်ယာန်ဘာသာဝင် တွေလုပ်နိုင်ကြတာကို
အားကျတာပါ။ သူတို့လူငယ်တွေက ကျွန်တော်တို့ ဗုဒ္ဓဘာသာလူငယ်တွေထက် ပိုပြီးစည်းလုံးတယ်ဆိုရင်
ကျွန်တော်မလွန်ဘူး ထင်ပါတယ်။ သူတို့တတ်တာလေးတွေ တစ်ခြားသူကို သင်ပေးရင် ကုသိုလ်ရတယ်ဆိုတဲ့
ခံယူချက်မျိုး ကျွန်တော်တို့မှာ ရှိသလား မြန်မေးကြည့်မိတယ်။ ကျွန်တော်လည်းပြောရမယ်ဆိုရင်
မိရိုးဖလာ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ။ ကျွန်တော့ကိုယ်ပိုင် ခံယူချက်နဲကဆိုရင်တော့ ကျွန်တော်ဟာ
ဗုဒ္ဓဘာသာဝင်တစ်ယောက် ဖြစ်အောင်ကြိုးစားနေတယ်လို့ပဲ ပြောပါရစေ။ တိုက်တိုက်ဆိုင်ဆိုင်ပဲ
ကျွန်တော်တို့ အလှူလုပ်တဲ့သတင်းကို ဘေးရွာက ဘုရားလူကြီး တစ်ယောက်ကြားပြီး သူတို့ရွှာဦးစေတီလေးကို
ရွှေသက္ကန်းကပ်ဖို့ အလှူလာခံတယ်။ ကျွန်တော့ဆီက ]]ရွှေသက္ကန်အတွက်တော့ မလှူနိုင်ဘူး}}လို့
စကားကြားရတော့ သူကမေးတယ်။ ]]ဆရာ ဗုဒ္ဓဘာသာ မဟုတ်ဘူးလား}}ဆိုပြီးမေးတယ်။ ကျွန်တော်လဲအရှည်ရှည်ပြောရမှာစိုးလို့
ဘာမှပြန်မဖြေလိုက်ပါဘူး။ သူ့ရွာဦးဘုန်းကြီးကျောင်းမှာ စားစရာနေစရာမရှိတဲ့ ကလေး ၁၅ရောက်လောက်ရှိတယ်။
ရွာဦးကျောင်းက ဘုန်းကြီး ၃ပါးက ဆွမ်းခံကျွေးပြီး စာသင်ပေးနေရတယ်။ အဲဒီကလေးတွေအတွက်ရော
ကျောင်းအတွက်ပါ အဝီစိတွင်းလှူဖို့ စဉ်းစားနေတယ်လို့ပြောမှ ပြန်ချသွားတယ်။
ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေက
စေတီတည်ပြီး ဘုရားထီးတင်၊ ရွှေသက္ကန်းကပ်ရင်ပဲ ကုသိုလ်တွေတစ်ထစ်ကြီးရမယ်လို့မျှော်လင့်ထားကြတယ်တင်ပါတယ်။
ဆရာတော် မေတ္တာရှင်(ရွှေပြည်သာ) ရဲ့ စာအုပ်တစ်အုပ်ထဲမှာ ရေးထားတာလေးတွေ သွားဖတ်မိတော့
သဘောကျရတယ်။ ]]ထမင်းဆာနေတဲ့ ကလေးကို ဘုရားရှစ်ခိုးခိုင်းလို့ မရဘူး}}တဲ့။ ငတ်နေတဲ့ကလေးတွေက
ခရစ်ယာန်ကျောင်းတွေသွားပြီး ခရစ်ယာန်လေတွေဖြစ်ကုန်ရော။ ]]တောင်ထိပ်မှာ စေတီဘုရား၊ တောင်အောက်မှာက
ဘာသာခြား}}တွေ ဖြစ်နေကြတယ်တဲ့။ ဆရာတော်ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာလူမျိုး
ဗုဒ္ဓဘာသာတွေ စုစုစည်းစည်းနဲ့ တကယ်လိုအပ်နေတဲ့ ကလေးငယ်တွေကို ကူညီပေးဖို့ပါပဲ။ ဒါမှလဲ
အင်မတန် မြင့်မြတ်တဲ့ ဗုဒ္ဓဘာသာ ဖြစ်ရကျိုးနပ်မယ်လို့ ဆိုထားလေရဲ့။
ကျွန်တော်တို့
ဆေးပညာလောကသား အဖွဲ့သားတွေအနေနဲ့ နောက်ထပ် အကျိုးရှိနိုင်မဲ့ နေရာလေးတွေ သွားလှူနိုင်ရင်
ကောင်းမှာပဲလို့လည်း စဉ်းစားမိတယ်။ ဘာပဲပြောပြော ပထမဆုံးအကြိမ် အောင်အောင်မြင်မြင်
ဖြစ်သွားတော့လည်း တစ်ချို့ဆို အတော်လေးကို ရင်းနှီးသွားကြပါပြီး။ လှူတဲ့သူတွေ ကလည်း
နောက်တစ်ခေါက်ဆိုတဲ့စကား အမြဲပြောနေကြပါတယ်။ တစ်ချို့ဆို နောက်တစ်ခေါက်သွား အစီ အစဉ်တောင်ဆွဲနေပြီဆိုတာ
ကြားရတော့ ဝမ်းသာမိပါတယ်။ ကျွန်တော်တို့အနေနဲ့ လက်ကျန် အလှူငွေ အားလုံးကို မရမ်းချောင်း
ပရဟိတအတွက်ပဲ ရည်စူးထားပါတယ်။ အဓိကလှူဒါန်းသွားမှာကတော့ ဒီဇယ်ဆီနဲ့ ဆေးဝါးပါ။ နောက်ထပ်
၂ လစာ ထောက်ပံ့ပေးနိုင်တဲ့ အနေအထား ရှိပါသေးတယ်။ နောက်ပြီး သီးခြားအလှူရှင်တွေအနေနဲ့
လစဉ် ထောက်ပံ့ပေးချင်ရင်လဲ အဆင်ပြေအောင် စီစဉ်ပေးထား ပါတယ်။ အကယ်၍ နောက်ထပ်လှူဖို့
လိုအပ်တဲ့နေရာတွေ ရှိရင်လဲ အလှူငွေအသစ်ထပ်မံ ကောက်ခံပြီး ဆက်လက်လှူဒါန်းနိုင်အောင်
စဉ်းစားထားပါတယ်။
လှူးမဲ့နေရာကိုတော့
ညီအစ်ကိုမောင်နှမအားလုံးရဲ့ ဆန္ဒနဲ့ ကိုက်ညီတဲ့ နေရာကိုသာ ရွေးချယ်မှာ ဖြစ်တာကြောင့်
မိမိတို့ ပါတ်ဝန်းကျင်မှ လက်လှမ်းမီသလောက် ကွက်လပ်လေးများအား ရှင်ဖွေတင်ပြ နိုင်ပါတယ်။
ကျွန်တော်တို့
အလှူအကြောင်းကို မနော်က Ecovision ဂျာနယ်မှာ ထည့်ရေးပေးတဲ့အတွက် အလှူရှင်အသစ်တွေ ထပ်တိုးလာပါသေးတယ်။
လွတ်လပ်ရေးနေ့ ကျွန်တော်ဆေးသွားကုတဲ့ အချိန်မှာလဲ ကြည်းမြင့်တိုင်က အငြိမ်းစားကျောင်းဆရာမကြီး
တစ်ဦးက လစဉ်လှူဒါန်းချင်ပါတယ်ဆိုပြီး ဖုန်းဝင်လာ ပါတယ်။ နခသလငျငသည ဂျာနယ်က ဖတ်ရလို့ပါတဲ့။
ဂေဟာမှူး ကိုလှဌေးကတော့ ကြည်းမြင့်တိုင်ကို အလှူငွေ သွားယူဖို့ ချီတက်သွားပါတယ်။ ဒါကလဲ
မနော်ရဲ့ မီဒီယာ စွမ်းအားပါ။
အွန်လိုင်းမတက်ဖြစ်တာလဲကြာ၊
ကွန်ပျူတာကလည်း မရှိတော့ လက်နဲ့ပဲ ကြိတ်လိုက်တာ အတော်လေးစာကြောရှည်သွားပါတယ်။ မကောင်းတတ်လို့
ဖတ်တဲ့သူတွေတောင် မျက်စိညောင်းလောက်ပြီ။ တောမှာလည်း အတော်လေးလေးလာပြီမို့ ဒီလောက်နဲ့ပဲ
ရပ်လိုက်တာ ကောင်းပါတယ်။ (ရေးစရာတွေတော့ ကျန်သေးတယ်) ဘယ်လိုပဲလှူလှူ ဘာတွေပဲလှူလှူ
အဓိကကတော့ နှောင်ကြိုးမဲ့ လှူဖို့ပါပဲ ... အလှူရှင်များအားလုံး ၂၀၁၀ မှာ အပီအပြင် လန်းစေသော်...
လျှာရှည်သော
တောကျီးဂန်း
(၅-၁-၂၀၁၀)
ဒီစာလေးကတော့ ကျွန်တော်တို့ အရင်ကလုပ်ခဲ့တဲ့ ning ဆိုက်လေးတခုဖြစ်တဲ့ (ဆေးပညာလောက) မှာရေးဖြစ်တဲ့ အကြောင်းလေးတွေပါ။ အမှတ်တရ ပြန်တင်ထားခြင်းဖြစ်ပါတယ်။